သူငယ်ချင်းများ မိမိတို့ကွန်ပျူတာကိုမြန်အောင်လုပ်ကြရအောင်၊ကွန်ပျူတာနှေးနေရင်၊ကွန်ပျူတာဟမ်းနေတယ်ပဲဖြစ်ဖြစ်သုံးရတာ
အဆင်မပြေဖြစ်တက်ပါတယ်။ကျွန်တော်ကိုယ်တိုင် ကွန်ပျူတာနှေးရင် စိတ်မရှည်ပါဘူး။ ဒီတော့သူငယ်ချင်းတို့လည်း ကျွန်တော်လိုမဖြစ်အောင် ဖတ်ပြီးလုပ်ကြည့်ကြပါ။သူငယ်ချင်းတို့သိပြီးသားများလည်းဖြစ်ရင်ဖြစ်မှာပါ။မသိသေးသော ကွန်ပျူတာ
စသုံးသောသူငယ်ချင်းများ အဆင်ပြေစေရန် ရည်ရွယ်ပြီး ဖော်ပြလိုက်ပါတယ်။ကျွန်တော်အဆင့်လိုက်လေး တင်ပြသွားပါမည်။
အဆင့် (၁)
1. Start / Run ကိုသွားပါ။ Prefetch လို့ ရိုက်ပါ။
2. Prefetch folder ပေါ်လာပါလိမ့်မယ်။ folder ထဲက ရှိသမျှ file အားလုံးကို All Select လုပ်ပြီး ဖျက်ပါ။
*******************************
အဆင့် (၂)
1. Start / Run ကိုသွားပါ။ Regedit လို့ရိုက်ပါ။
2. HKEY_CURRENT_USER ကိုသွားပါ Control Panel ထဲက Desktop ကိုထပ်သွားပါ။
3. ညာဘက် အကွက်ထဲက MenuShowDelay ကိုဖွင့်ပြီး Value data 400 ကို 0 ပြောင်းလိုက်ပါ။
*******************************
အဆင့် (၃)
1. Start / Run ကိုသွားပါ။ msconfig လို့ရိုက်ပါ။
2. Startup ကိုသွားပါ။ ( Startup ဆိုတာ Window စတက်တက်ချင်း Run လာမယ့် Program လေးတွေရှိတယ် ။ ဥပမာ Cyber Cafe ကစက်တွေဆိုရင် Window စတက်ရင် အရမ်းကြာတယ် ။ Pfingo တို့ Gtalk တို့ QQ ..Vzo စသည်ဖြင့် loading ပိုင်းတွေတက်လာတယ် ။ အဲဒါတွေ အကုန်လုံးက Startup ထဲမှာရှိတယ်။ အခုပြောမှာက အဲဒီ loading ပိုင်းလျှော့ချဖို့အတွက် Startup ထဲမှာ click လေးတွေဖြုတ်ရမယ် ။ System ပိုင်း Run တာတွေလည်းရှိလို့ သတိထား ဖျက်စေချင်ပါတယ်) စက်တစ်ခုနဲ့တစ်ခု သွင်းထားတဲ့ software ပေါ်လိုက်ပြီး ဖျက်ရပါမယ် ။ gtalk ကိုဖျက်ချင်ရင် googletalk ဆိုတာလေးကို click ဖြုတ်ခဲ့ ..အဲလိုမျိုး စက်စတက်တုန်း မပေါ်လာစေချင်တဲ့ ဟာတွေကို click လိုက်ဖြုတ်ပါ။ ပြီးရင် OK နှိပ်ပါ။ Exit Without Restarting နဲ့ထွက်ပါ ။
************************
အဆင့် (၄)
Graphic တွေလျှော့ချတာလည်း မြန်လာစေနိုင်ပါတယ်
1. Start / Control Panel ထဲက System ကိုသွားပါ။
2. System/ Advanced ထဲက Performance Settings ကိုသွားပါ။
3. Adjust for best performance ကို Click (ရွေးပြီး) OK နှိပ်ပါ။ ခဏစောင့်ပါ။
***********************
အဆင့် (၅)
Internet Connection ကို 100Mbps ထိတိုးပါမယ်
1. Start / Run ကိုသွားပါ။ System.ini လို့ရိုက်ပါ။
2. အောက်က code တွေကို တစ်ကြောင်းထဲအနေနဲ့ ထပ်ပေါင်းထည့်ပါ (System.iniတွင်)
page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kbs
System.ini ကို အခုလိုမြင်ရပါလိမ့်မယ် ။
; for 16-bit app support
[drivers]
wave=mmdrv.dll
timer=timer.drv
[mci]
[driver32]
[386enh]
woafont=dosapp.FON
EGA80WOA.FON=EGA80WOA.FON
EGA40WOA.FON=EGA40WOA.FON
CGA80WOA.FON=CGA80WOA.FON
CGA40WOA.FON=CGA40WOA.FON
page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kbs
3. File / Save ( Ctrl + S) လုပ်ပါ။
ကဲ အားလုံးပြီးသွားပါပြီ Restart ချပါ။
အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
Tuesday, November 25, 2008
Window XP မှာ စက်မြန်လာအောင်လုပ်ကြရအောင်
Posted by mgcomlay at 3:51 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment