Thursday, November 27, 2008

Mozilla Firebox မှာ Own Google Desktop လုပ်နည်း

Mozilla Firebox က Own Google Desktop မှာ နာမည်လှလှလေးတွေရေးကြမယ်။
၁။ Mozilla Firebox ကိုအရင်ဖွင့်ပါ။
၂။ Google မှာ google myway ကိုရိုက်ပြီး Search လုပ်ပါ။
၃။ Desing your own google ကို Click ပါ။
၎။ Make it နေရာမှာ မိမိနှစ်သက်ရာ နာမည်ရိုက်ထည့်ပြီး Make it > Go သင်၏ own google လေးရပါပြီ မပြီးသေးပါ။
၅။ ထို့နောက် Tools ကိုဝင်ပါ။
၆။ Home page မှာ သင်၏ own google address ကို Copy လုပ်ပြီးထည့်လိုက်ပါ OK
ဒါဆိုသင်၏ Own Google Desktop လေးသင်ပိုင်ဆိုင်မှာဖြစ်ပါတယ်။ကြည်နူးနိုင်ပါစေ...

software မပါပဲ Icon လေးတွေပြောင်းကြရအောင်

သူငယ်ချင်းတို့ ဒီတစ်ခါ software မပါပဲ Icon လေးတွေပြောင်းကြရအောင်။
၁။ မိမိပြောင်းလိုပြောင်းလိုသော Icon ကို Right Click
၂။ အောက်ဆုံးက Properties ကို Ckick ပါ
၃။ New Folder Properties မှ Customize ကို Click ပါ
၎။ Change Icon မှမိမိကြိုက်နှစ်သက်ရာ ရွေးချယ်ပါ
အဆင်ပြေမှာပါ။သိပြီးသားဆိုရင်လည်း မသိသေးသောသူများကို လက်ဆင့်ကမ်းလိုက်ပါ။
ကျေးဇူးတင်ပါတယ်...

Wednesday, November 26, 2008

မိမိကွန်ပျူတာ၏ screen desktop ဓါတ်ပုံရိုက်ကြမယ်


screen desktop


ကဲသူငယ်ချင်းတို့ အခုပြောမယ့် အကြောင်းလေကတော့ မိမိကွန်ပျူတာ screen desktop ကိုကိုယ်တိုင်
ဓါတ်ပုံရိုက်ကြရအောင်ဗျာ။ကဲလုပ်ကြည့်ရအောင် ပထမဆုံး မိမိကွန်ပျူတာရဲ့ screen ကိုလိုချင်သောပုံစံ
ကိုလုပ်ပါ။ပြီးပြီဆိုရင်တော့
၁။ Alter + Print Screen ကိုနှိပ်လိုက်ပါ။
၂။ Control + C နှိပ်ပါ။
၃။ Screen Right Click > new > မိမိအသုံးပြုသော Image ကိုယူပါ။
၎။ ရရှိလာသော Image ကို Right Click > Open with > Paint ကိုယူပါ။
၅။ ထို့နောက် Control + V ကိုနှိပ်လိုက်ပါ။
၆။ စာရေးချင်သေးတယ်ဆိုရင်တော့ရေးကြပေါ့။
Save as တွက် Save လိုက်ရင်သင်၏ Screen Desktop ပုံကိုရရှိမှာဖြစ်မှာပါ။အဆင်ပြေပါစေ...

Tuesday, November 25, 2008






~~~ကျွန်တော့်ဘလော့ကိုဖတ်ပြီးကွန်ပျူတာဗဟုသုတများတိုးပွားနိုင်ပါစေ~~~


RUN ရှာကြမယ်

Run ရှာမယ်ဆိုလို့ Army Run မဟုတ်နော် ကွန်ပျူတာ Start menu က Run ကိုပြောတာ။ရိုးရိုး Start menu က Run ကို
ရှာလို့မရဘူးဆိုရင် windows key + r ကလည်းရှာလို့မရဘူးဆို သူငယ်ချင်းတို့ Start menu task bar ပေါ်မှာ Right Click
ထောက်ပါ .. ပေါ်လာတဲ့ ဘောက်လေးမှာ task manager ကို ရွေးပါ... ပေါ်လာတဲ့ windows task manager ဘောက်လေးမှာ
New task ကို ကလစ်လိုက်ပါ ... အဲဒါဆိုရင် Run ဘောက် ပေါ်လာပါလိမ့်မယ် ...

Window XP မှာ စက်မြန်လာအောင်လုပ်ကြရအောင်

သူငယ်ချင်းများ မိမိတို့ကွန်ပျူတာကိုမြန်အောင်လုပ်ကြရအောင်၊ကွန်ပျူတာနှေးနေရင်၊ကွန်ပျူတာဟမ်းနေတယ်ပဲဖြစ်ဖြစ်သုံးရတာ
အဆင်မပြေဖြစ်တက်ပါတယ်။ကျွန်တော်ကိုယ်တိုင် ကွန်ပျူတာနှေးရင် စိတ်မရှည်ပါဘူး။ ဒီတော့သူငယ်ချင်းတို့လည်း ကျွန်တော်လိုမဖြစ်အောင် ဖတ်ပြီးလုပ်ကြည့်ကြပါ။သူငယ်ချင်းတို့သိပြီးသားများလည်းဖြစ်ရင်ဖြစ်မှာပါ။မသိသေးသော ကွန်ပျူတာ
စသုံးသောသူငယ်ချင်းများ အဆင်ပြေစေရန် ရည်ရွယ်ပြီး ဖော်ပြလိုက်ပါတယ်။ကျွန်တော်အဆင့်လိုက်လေး တင်ပြသွားပါမည်။

အဆင့် (၁)
1. Start / Run ကိုသွားပါ။ Prefetch လို့ ရိုက်ပါ။
2. Prefetch folder ပေါ်လာပါလိမ့်မယ်။ folder ထဲက ရှိသမျှ file အားလုံးကို All Select လုပ်ပြီး ဖျက်ပါ။
*******************************
အဆင့် (၂)
1. Start / Run ကိုသွားပါ။ Regedit လို့ရိုက်ပါ။
2. HKEY_CURRENT_USER ကိုသွားပါ Control Panel ထဲက Desktop ကိုထပ်သွားပါ။
3. ညာဘက် အကွက်ထဲက MenuShowDelay ကိုဖွင့်ပြီး Value data 400 ကို 0 ပြောင်းလိုက်ပါ။
*******************************
အဆင့် (၃)
1. Start / Run ကိုသွားပါ။ msconfig လို့ရိုက်ပါ။
2. Startup ကိုသွားပါ။ ( Startup ဆိုတာ Window စတက်တက်ချင်း Run လာမယ့် Program လေးတွေရှိတယ် ။ ဥပမာ Cyber Cafe ကစက်တွေဆိုရင် Window စတက်ရင် အရမ်းကြာတယ် ။ Pfingo တို့ Gtalk တို့ QQ ..Vzo စသည်ဖြင့် loading ပိုင်းတွေတက်လာတယ် ။ အဲဒါတွေ အကုန်လုံးက Startup ထဲမှာရှိတယ်။ အခုပြောမှာက အဲဒီ loading ပိုင်းလျှော့ချဖို့အတွက် Startup ထဲမှာ click လေးတွေဖြုတ်ရမယ် ။ System ပိုင်း Run တာတွေလည်းရှိလို့ သတိထား ဖျက်စေချင်ပါတယ်) စက်တစ်ခုနဲ့တစ်ခု သွင်းထားတဲ့ software ပေါ်လိုက်ပြီး ဖျက်ရပါမယ် ။ gtalk ကိုဖျက်ချင်ရင် googletalk ဆိုတာလေးကို click ဖြုတ်ခဲ့ ..အဲလိုမျိုး စက်စတက်တုန်း မပေါ်လာစေချင်တဲ့ ဟာတွေကို click လိုက်ဖြုတ်ပါ။ ပြီးရင် OK နှိပ်ပါ။ Exit Without Restarting နဲ့ထွက်ပါ ။
************************
အဆင့် (၄)
Graphic တွေလျှော့ချတာလည်း မြန်လာစေနိုင်ပါတယ်
1. Start / Control Panel ထဲက System ကိုသွားပါ။
2. System/ Advanced ထဲက Performance Settings ကိုသွားပါ။
3. Adjust for best performance ကို Click (ရွေးပြီး) OK နှိပ်ပါ။ ခဏစောင့်ပါ။
***********************
အဆင့် (၅)
Internet Connection ကို 100Mbps ထိတိုးပါမယ်
1. Start / Run ကိုသွားပါ။ System.ini လို့ရိုက်ပါ။
2. အောက်က code တွေကို တစ်ကြောင်းထဲအနေနဲ့ ထပ်ပေါင်းထည့်ပါ (System.iniတွင်)
page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kbs
System.ini ကို အခုလိုမြင်ရပါလိမ့်မယ် ။

; for 16-bit app support
[drivers]
wave=mmdrv.dll
timer=timer.drv
[mci]
[driver32]
[386enh]
woafont=dosapp.FON
EGA80WOA.FON=EGA80WOA.FON
EGA40WOA.FON=EGA40WOA.FON
CGA80WOA.FON=CGA80WOA.FON
CGA40WOA.FON=CGA40WOA.FON
page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kbs

3. File / Save ( Ctrl + S) လုပ်ပါ။
ကဲ အားလုံးပြီးသွားပါပြီ Restart ချပါ။
အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

 
er © 2007 Template feito por Templates para Você